ငြိမ်းချမ်းရေးဆွေးနွေးမှု နှောင့်နှေးပျက်ပြားသွားနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ သတိပေး


2014.10.17

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှုတွေ၊ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွားမှုတွေကြောင့် အရှိန်ရနေတဲ့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေ နှောင့်နှေးကြန့်ကြာသွားမှာ ဒါမှမဟုတ် ပျက်ပြားသွားမှာ အထူးစိုးရိမ်ကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။