ရွေးကောက်ပွဲစနစ် ၇ မျိုး လွှတ်တော်ကို တင်ပြတော့မည်
2014.10.18
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ မဲများသူနိုင်တဲ့ FPTP စနစ်အများစုကို အခြေခံထားတဲ့ ရွေးကောက်ပွဲစနစ် ၇ မျိူးကို လာမယ့်သီတင်းပတ်အတွင်း ပြည်သူ့လွှတ်တော်ကို တင်ပြမယ်လို့ ကော်မရှင်ရဲ့ အတွင်းရေးမှူးဖြစ်သူ တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။ ဦးသန်းဝင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။