သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-07
မဘသ ခေါ် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံမှာ မလိုအပ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ မဘသ ဗဟို အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ မနေ့က ခေါ်ယူကျင်းပခဲ့ပါတယ်။
2016-07-07
၂၁ ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်နေတဲ့ နောက်ဆုံးအခြေအနေ၊ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ဖယ်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဥက္ကဌ ဦးစောသန်းမြင့်ကို RFA အဖွဲ့သား ကိုရဲစည်သူကာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-06
ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ဘယ်သူနဲ့ဘယ်သူဖြစ် တာလဲဆိုတာကိုပဲကြည့်ပြီး ဘယ်ဘာသာဝင်နဲ့ ဘယ်ဘာသာဝင်ဖြစ်တာလဲလို့မကြည့်ဖို့နဲ့ ပြဿနာကို တရားဥပဒေနဲ့အညီဖြေရှင်းရင် ဘာသာရေး၊ လူမျိုးရေးတင်းမာမှုတွေကို လျော့ချနိုင်မယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ပါတယ်။
2016-07-06
လာမယ့် နိုဝင်ဘာလအတွင်း ကျောင်းသားသမဂ္ဂ အားလုံးပါဝင်တဲ့ အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမှူး မဟန်နီဦး ကို RFA အဖွဲ့သား ကို ရဲစည်သူကာ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-05
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်နဲ့ အခြေခံကျောင်းသားသမဂ္ဂများ နှီးနှော ဖလှယ်ပွဲကို ပဲခူးမြို့နား ကျောက်တန်းရွာက ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှာ ဇူလိုင် ၂ ရက်ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-07-05
ရဟန်းတစ်ပါးရဲ့ လုပ်ငန်းဟာ ပဋိယတ်နဲ့ ပဋိပတ် ဆိုတဲ့ ပညာရေးလုပ်ငန်းဖြစ်တဲ့အတွက် ရဟန်း တစ်ပါးနဲ့ အသင့်တော်ဆုံး ပရဟိတလုပ်ငန်းဟာ ပညာရေးပရဟိတဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားပါတယ်။
2016-07-05
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီးမှာ ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်နေ့က တေ့ွရှိထားတဲ့ အလောင်း ၇ လောင်းနဲ့ပတ်သက်ပြီး တရားမျှတမှုရှိအောင် စုံစမ်းဖော်ထုတ်ပေးဖို့ နဲ့ သေဆုံးသူတွေဟာ အစိုးရတပ်မတော်က သတင်းထုတ်ပြန်ထားသလို တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-07-03
"ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်များ" ဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းကို ရခိုင်ပြည်နယ် မြို့နယ် ၁၆ မြို့နယ်မှာ ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒပြကြ ပါတယ်။
2016-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း - လယ်ပြင် ဥရုချောင်းကူး တံတားအနီးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထား တဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က သွားရောက် စစ်ဆေးနေပါတယ်။
2016-07-02
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ အဖြစ် ထင်ရှားခဲ့တဲ့ အရှင် ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ထောင်ချ ထားရာကနေ မနေ့က ထောင်ရက်စေ့ပြီဖြစ်သလို၊ စစ်အစိုးရချိပ်ပိတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ ပြန် ဖွင့်ခဲ့မှုအတွက် တရားစွဲထားတာကိုလည်း ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးက ရုပ်သိမ်းလိုက်တဲ့ အတွက် ပြန်လွတ်လာပါတယ်။
2016-07-02
ထိုင်းအမျိုးသားရေး အစွန်းရောက်တွေက လူမှုကွန်ရက်တွေကနေ မြန်မာမုန်းတီးရေး လှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာကြဖို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။
2016-07-02
၂၀၁၂ ခုနှစ်က အမှုဟောင်း ၃ မှုနဲ့ တရားစွဲဆိုခံ ထားရတဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဗဟန်း မြို့နယ် တရားရုံးနဲ့ သံလျင်မြို့နယ် တရားရုံးတို့က အမှုအားလုံးရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက် ပါတယ်။
2016-07-02
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှာရှိတဲ့ ရောင်နီအရက်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် စက်ရုံအနီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေ အခက်အခဲတွေ ကြုံတွေနေရပါတယ်။
2016-07-01
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေဟာ မနက်ဖြန် ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
2016-07-01
မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်းကနေ သန်းနဲ့ချီ အသုံးပြုနေတဲ့ Viber လူမှုကွန်ရက် ကနေ နိုင်ငံတော်သမ္မတရုံး Viber Public Account ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။