ပညာရေးပရဟိတအကြောင်း မေးမြန်းချက်
2016.07.05
ရဟန်းတစ်ပါးရဲ့ လုပ်ငန်းဟာ ပဋိယတ်နဲ့ ပဋိပတ်ဆိုတဲ့ ပညာရေးလုပ်ငန်းဖြစ်တဲ့အတွက် ရဟန်းတစ်ပါးနဲ့ အသင့်တော်ဆုံး ပရဟိတလုပ်ငန်းဟာ ပညာရေးပရဟိတဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားပါတယ်။ ဝါရှင်တန်ဒီစီက RFA ရုံးချုပ်ကို ကြွရောက်လာတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ကို မခက်မာ လျှောက်တင် မေးမြန်းထားပါတယ်။