ဝတ်ပြုဆောင် မီးရှို့ခံရမှု ကချင်ပြည်နယ်ဝန်ကြီး စစ်ဆေး
2016.07.03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း - လယ်ပြင် ဥရုချောင်းကူး တံတားအနီးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က သွားရောက် စစ်ဆေးနေပါတယ်။
မီးရှို့မှုဖြစ်ပွားပြီးနောက်ပိုင်း ရပ်ရွာတည်ငြိမ်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ ဒီကနေ့ သွားရောက်စစ်ဆေးနေတာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။ ဦးအေးမောင်ကြည် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။