ပင်လုံညီလာခံအကြို ပြင်ဆင်ရေး ဦးလှမောင်ရွှေနဲ့ မေးမြန်းချက်
2016.07.01
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေဟာ မနက်ဖြန် ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ဥက္ကဌတို့ နေပြည်တော် မှာ တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းသွားဖို့ရှိတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။ ဦးလှမောင်ရွှေ ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။