ရောင်နီအရက်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အခက်အခဲတွေ့ကြုံ


2016.07.02

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှာရှိတဲ့ ရောင်နီအရက်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် စက်ရုံအနီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေ အခက်အခဲတွေ ကြုံတွေနေရပါတယ်။ စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ စွန့်ပစ်နိုင်မယ့်အချိန်ထိ စက်ရုံလည်ပတ်တာကို ရပ်နားထားဖို့ မြန်အောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် မစုစုအောင် က တိုင်းဒေသကြီးလွှတ်တော်မှာ မနေ့က တင်ပြခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လွှတ်တော်မှာ မနေ့က လာရောက်ဆွေးနွေးခဲ့ပါတယ်။ မြန်အောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် မစုစုအောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။