သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-13
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး အဆိုတင်သွင်း ထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုတွေပြုလုပ်ခဲ့ရာမှာ ပေါ်ပေါက်ခဲ့တဲ့ မန္တလေး တိုင်းဒေသကြီး အတွင်း ဥပဒေနဲ့မညီဘဲရယူထားတဲ့ အများပြည်သူပိုင်မြေ ၁၃၅ ကွက်ကို ပြန်လည် သိမ်းယူသွားမှာဖြစ်ပါတယ်။
2017-12-13
ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးနယ်မြေမှာ အစိုးရရဲ့ မူဝါဒတွေအတိုင်း ဘိန်းဖျက်ဆီးရေးအပါအဝင် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးတွေကို ဆောင်ရွက်မယ့် အစိုးရအပါအဝင် ဘယ်လိုအဖွဲ့အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင် က ပြောပါတယ်။
2017-12-13
ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်မှာ ဖမ်းမိခဲ့တဲ့ လေယာဉ်ပစ်လက်နက်ခဲယမ်းတွေကိစ္စနဲ့ ဆက်စပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးရဲ့ ခြံဝင်းထဲက ဝန်ထမ်းအိမ်ယာအတွင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
2017-12-13
ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေကို လာမယ့်ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်ပြီး မြန်မာအစိုးရက ပြန်လည်စိစစ်လက်ခံသွားမှာဖြစ်ပါတယ်။
2017-12-12
ဒီဇင်လာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ UMFCCI နဲ့ ဥရောပအခြေစိုက် ရိုလင်ဘာဂျာ အဖွဲ့ရဲ့ ၂၀၁၇ မြန်မာ့စီးပွားရေးစစ်တမ်းမှာ စွမ်းအင်ကဏ္ဍမှာ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုကျဆင်းလာတယ်လို့ ဖေါ်ပြထားပါတယ်။
2017-12-12
ဒုတိယတန်းသင်ရိုးသစ်ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တော့မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးက မူလတန်းဆရာတွေကို သင်တန်းတွေ စပေးတော့မှာဖြစ်ပါတယ်။
2017-12-12
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဘက်ကိုထွက်ခွာမယ့် ဘင်္ဂါလီမွတ်စလင် တစ်ရာကျော်ကို ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2017-12-12
ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနဲ့ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ဟာ ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေက ဒေသခံလူထုနဲ့ တွေ့ဆုံသလို ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကိုလည်း ဒီကနေ့ကစပြီး ၃ ရက်ကြာ ကွင်းဆင်းစစ်ဆေးနေပါတယ်။
2017-12-12
လာမယ့် ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသဖို့ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က လိုအပ်တဲ့ အထောက်အပံ့တွေ ပေးသွားမှာဖြစ်ပါတယ်။
2017-12-12
မြန်မာ့စီးပွားရေး ဦးမော့အောင် ကုန်သည်စက်မှုအသင်းချုပ်က အချက် ၁၇ ချက် အစိုးရကိုအကြံပြု ထားသလို၊ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း ငြိမ်းချမ်းရေးလိုပဲ စီးပွားရေးကိုလည်း ဦးစားပေးဖို့ ဆိုတဲ့ အချက်အပါအဝင် ၄ ချက်ကို အကြံပြုထားပါတယ်။
2017-12-12
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာဖို့ စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။
2017-12-12
၂၀၁၇ ခုနှစ်ထဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ တိုးတက်မှု ရှိသင့်သလောက်ရှိပေမယ့် အားနည်းချက်တွေလည်း ရှိခဲ့တယ်လို့ ကရင် KNU အဖွဲ့ ဒုတိယဥက္ကဌ ပဒိုကွယ်ထူးဝင်းက သုံးသပ်ပါတယ်။
2017-12-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက်တေ့ွဆုံဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဘက်က မနေ့ညက စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2017-12-10
စစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တွေရှိနေကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွ လိုအပ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မနေ့က ကျင်းပတဲ့ ၁၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2017-12-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျေးရွာသစ်တစ်ရွာ တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကျေးရွာသစ် တည်ထောင်ရေးဦးဆောင်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပါတယ်။