မြန်မာ့စီးပွားရေးဦးမော့ဖို့ မူဝါဒရေးဆွဲရေးမှာ လူမှန်နေရာမှန် ခန့်အပ်ဖို့လို
2017.12.12
မြန်မာ့စီးပွားရေး ဦးမော့အောင် ကုန်သည်စက်မှုအသင်းချုပ်က အချက် ၁၇ ချက် အစိုးရကိုအကြံပြု ထားသလို၊ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း ငြိမ်းချမ်းရေးလိုပဲ စီးပွားရေးကိုလည်း ဦးစားပေးဖို့ ဆိုတဲ့ အချက်အပါအဝင် ၄ ချက်ကို အကြံပြုထားပါတယ်။ လက်ရှိ ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှုကနေ အသက်ရှူချောင်အောင် ဘာတွေလုပ် သင့်လဲဆိုတာကလည်း အများစုစိတ်ဝင်စားတဲ့ ပြဿနာကြီးတရပ်ဖြစ်နေပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ စာရေးဆရာသန်းစိုး (ဘောဂဗေဒ) ကလည်း မူဝါဒရေးဆွဲချမှတ်တဲ့နေရာတွေမှာ လူမှန်နေရာမှန်ဖြစ်ဖို့လိုနေသလို၊ အစိုးရရဲ့ကဏ္ဍလျှော့ပြီး၊ ပြည်သူတွေရဲ့အခန်းကဏ္ဍ မြင့်လာအောင် ဖန်တီးပေးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။
ဦးသန်းစိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။