မန္တလေးတိုင်းက အများပြည်သူပိုင်မြေတွေ သိမ်းယူမယ့်ကိစ္စ မေးမြန်းချက်
2017.12.13
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး အဆိုတင်သွင်းထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ပေါ်ပေါက်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး အတွင်း ဥပဒေနဲ့မညီဘဲရယူထားတဲ့ အများပြည်သူပိုင်မြေ ၁၃၅ ကွက်ကို ပြန်လည်သိမ်းယူသွားမှာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်က မနေ့ကတိုင်းလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။