အတိုင်ပင်ခံ၊ တပ်ချုပ်တို့နဲ့ UNFC တေ့ွဆုံလိုကြောင်း ကမ်းလှမ်း
2017.12.12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက်တေ့ွဆုံဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဘက်က မနေ့ညက စာပေးပို့တောင်းဆိုလိုက်ပါတယ်။
UNFC ရဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်အောင်မငေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။