KIO နည်းပညာအကြံပေးအဖွဲ့ရုံး ခြံဝင်းကို ရဲဝင်ရောက်ရှာဖွေ


2017.12.13

ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်မှာ ဖမ်းမိခဲ့တဲ့ လေယာဉ်ပစ်လက်နက်ခဲယမ်းတွေကိစ္စနဲ့ ဆက်စပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးရဲ့ ခြံဝင်းထဲက ဝန်ထမ်းအိမ်ယာအတွင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာနယ်မြေ အမှတ် ၁၁၄ မှာ ရုံးဖွင့်လှစ်ထားတဲ့ ကေအိုင်အိုနည်းပညာအကြံပေး အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။