သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-18
လူမှောင်ခိုပွဲစားတွေကတဆင့် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဖက်ကို ဦးတည်တဲ့ လှေစီး ဒုက္ခသည်တွေထဲမှာ ဘူးသီးတောင် မောင်တော ဖက်ကနေ ထွက်ခွာနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် လှေစီးဒုက္ခသည်တွေလည်း ရှိနေ ပါတယ်။
2015-05-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ၊ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို နိုင်ငံရေးပါတီ ၇ဝ ကျော်က ခေါင်းဆောင်တွေနဲ့ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-05-18
ရွေးကောက်ပွဲ အကြိုနဲ့ အလွန်ကာလ တည်ငြိမ်အေး ချမ်းဖို့ နိုင်ငံခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပသင့်ကြောင်း ၆ ပွင့် ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသားကိုယ်စား လှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-05-17
ဘာသာမတူ လူမျိုးမတူသူတွေကြားမှာ ချစ်ခင်ရင်းနှီး စွာ နေထိုင်နိုင်တယ်ဆိုတာကို အများသိစေဖို့ အတွက် ဘာသာပေါင်းစုံက လူငယ်၂ဝ နီးပါး စုပေါင်းပြီး ဒီနေ့ ကန်တော်ကြီးပန်းခြံမှာ သီချင်း ဆိုတာတွေ၊ ဂိမ်းကစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
2015-05-15
မြန်မာနိုင်ငံ ပညာရေးစနစ် ပြောင်းလဲရေးနဲ့ ပတ်သက် ပြီး၊ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေ တဲ့ NNER အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်ကို RFA ဌာနချုပ်မှာ မခက်မာက မေးမြန်းခဲ့ပါတယ်။
2015-05-14
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး၊ ဒေါ်လာငွေ တန်ဖိုးမြင့်တက်လာမှုပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်ဆောင်ရွက်နေသလဲဆိုတာနဲ့ ပတ်သက် လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာဇော်ဦးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-05-13
အင်ဒိုနီးရှားနဲ့ မလေးရှားပင်လယ်ပြင်က လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံရခိုင်ဒေသက ရိုဟင်ဂျာမွတ်စလင်တွေလည်း ပါဝင်တယ်လို့ နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကတော့ မြန်မာနိုင်ငံက ထွက်သွား သူတွေ ဖြစ်နိုင်ခြေနည်းတယ်လို့ RFA ကို ပြောပါ တယ်။
2015-05-13
စစ်တပ်က ပစ်သတ်တာခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမှုကို ကျိုက်မရောတရားရုံးမှာ မနေ့က ၄ ကြိမ်မြောက် စစ်ဆေးခဲ့ပြီး ဒီအမှုနဲ့ ပတ်သက်လို့ တရားစီရင်ရေးစနစ် လွဲချော်နေတာတွေ တေ့ွရတယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကပြောပါတယ်။
2015-05-13
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာမှာ အသက်မပြည့်သေးတဲ့ အထက်တန်း ကျောင်းသား မောင်အောင်မင်းခိုင်ကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။
2015-05-11
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တရားရုံးမှာ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု သေ မှုသေခင်းနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ မသန္တာကို သက်သေအဖြစ် ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2015-05-10
မြန်မာနိုင်ငံကမ်းရိုးတန်းနဲ့ မိုင် ၂၅၀ ဝေးတဲ့ ကပ္ပလီ ပင်လယ်အတွင်းက အန္ဒိယပိုင် Barren Island ဘရန်ကျွန်းမီ်းတောင်ဟာ ပြာတွေမှုတ်ထုတ်နေတာကြောင့် မီးတောင်ပေါက်ကွဲနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီက မနေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2015-05-10
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အပြီးသတ် လက်မှတ်ရေးထိုး ချုပ်ဆိုတဲ့အခါ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ MNDAA ကိုးကန့် တပ်မတော်၊ AA ရက္ခိုင့်တပ်မတော်နဲ့ TNLA တအာင်း တပ်မတော်တို့ ပါဝင်မှာမဟုတ်ကြောင်း အစိုးရဘက် က ပြောကြားလိုက်တာနဲ့ ပတ်သက်လို့ UWSA တပ် တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့မှာ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေရဲ့ ၆ ရက်ကြာ ညီလာခံ တက်ရောက်ခဲ့တဲ့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2015-05-09
ပြည်လုံးကျွတ်မွတ်စလင်ညီလာခံကို လာမယ့် မေလ (၂၃) ရက်နေ့ကစလို့ ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ညီလာခံ ကျင်းပရေးအဖ့ွဲ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-09
ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေရဲ့ ၆ ရက်ကြာ ညီလာခံ တက်ရောက်ခဲ့တဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
2015-05-08
သာယာဝတီထောင်မှာအဖမ်းခံထားရတဲ့ ကျောင်းသားသပိတ်ဝန်းရံပြည်သူ ကိုဆန်းလွင်ဦးရဲ့ မိခင် ဒေါ်ခင်မြ (အသက်-၇၈ နှစ်) ဟာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းက နေအိမ်မှာ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့အတွက် ကိုဆန်းလွင်ဦးကို ထောင် ထဲကနေ ခဏထွက်ပြီး၊ မိခင်ရဲ့ဈာပနကိုလိုက်ပို့ခွင့် ရမလားလို့ မိသားစုဝင်တွေက မျှော်လင့်နေကြ ပါတယ်။