မိခင်ရဲ့ဈာပနကို လိုက်ပို့ခွင့်ရဖို့ ကိုဆန်းလွင်ဦးကို မျှော်လင့်နေတဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

သာယာဝတီထောင်မှာအဖမ်းခံထားရတဲ့ ကျောင်းသားသပိတ်ဝန်းရံပြည်သူ ကိုဆန်းလွင်ဦးရဲ့ မိခင် ဒေါ်ခင်မြ (အသက်-၇၈ နှစ်) ဟာ ရန်ကုန်တိုင်း စမ်းချောင်း မြို့နယ် မုန့်လက်ဆောင်းကုန်းက နေအိမ်မှာ ၇ ရက်နေ့ကကွယ်လွန်သွားတဲ့အတွက် ကိုဆန်းလွင်ဦးကို ထောင်ထဲကနေ ခဏထွက်ပြီး၊ မိခင်ရဲ့ဈာပနကိုလိုက်ပို့ခွင့် ရမလားလို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ညီမဖြစ်တဲ့ မညွန့်ညွန့်အေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။