သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-03
မျိုးစောင့်ဥပဒေ မူကြမ်းလေးခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။
2014-12-02
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူ) ကလွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ရာကျော် ရွေးချယ်ပြီး တောင်ကြီးမြို့ ဝေဠုဝန် ရှမ်းဘုန်းကြီးကျောင်းမှာ ရွေး ကောက်ပွဲဆိုင်ရာ သင်တန်း ပေးမယ် လို့ ကျားဖြူပါတီက ပြောပါတယ်။
2014-12-02
လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာရ်( ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး အဆုံး အဖြတ် ရယူဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်လိုက် ကြပါတယ်။
2014-12-01
နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende (ဘောဂ်ဘရက်န်ဒီ) က ပြည်ထောင်စု ငြိမ်းချမ်းရေး နဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်တွေနဲ့ ပဲခူးမြို့ မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2014-12-01
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-11-29
အမျိုးသားပညာရေး ဥပဒေကို မန္တလေးမြို့ မှာ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြခဲ့စဉ်က ရဲတပ်ဖွဲ့တွေ နဲ့အခြေအတင်ဖြစ်ခဲ့ပုံနဲ့ ဒီနေ့ မနက်ပြုလုပ် မယ့် တောင်ငူမြို့ကဆန္ဒပြပွဲ အစီအစဉ်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ် တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
2014-11-25
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့အဖွဲ့ ဟာ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ နှစ်ရက်ကြာဆွေးနွေးခဲ့ပါတယ်။
2014-11-25
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖဲ့ွက ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။
2014-11-25
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ကြား နိုဝင်ဘာလ ၁၉ရက်နေ့ နောက်ပိုင်း ပစ်ခတ်မှုတွေ ၃ ရက် ဆက်တိုက် ဖြစ် ပွားနေပါတယ်။
2014-11-23
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ တကယ့်ပြသနာဖြစ်တဲ့ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို မဆွေးနွေးတဲ့အပြင် တစ်ဖွဲနဲ့ဆွေးနွေးပြီးတစ်ဖွဲ့ကို တိုက်နေတာဟာ ငြိမ်းချမ်းရေးရမယ့်နည်း မဟုတ်ဘူးလို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကပြောပါတယ်။
2014-11-23
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြုပြင်ပြောင်းလဲလို့မရအောင် တင်းကျပ်ထားတာမျိုး မဖြစ်သင့်သလို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကန့်သတ်တားမြစ်ထားတာမျိုးလည်း မဖြစ်သင့်ဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ရဲ့ နာယက ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
2014-11-21
အစိုးရစစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် KIA ဗိုလ်လောင်းသင်တန်းသား ၂၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစဉ်လုပ်ငန်းစဉ်တွေကိုရော၊ ဖဲ့ွစည်းပုံပြင်ဆင်ရေးကိစ္စတွေကိုပါ ထိခိုက်မှုရှိနိုင်တယ်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်လိုက်ပါတယ်။
2014-11-21
၂ဝဝ၈ အခြေခံဥပဒေကို နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကလွဲလို့ လွှတ်တော်တွင်းက ကြိုးပမ်းတဲ့ နည်းလမ်းနဲ့ရော၊ တခြား ဘယ်လိုနည်းလမ်းနဲ့မှပါ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-11-20
ရန်ကုန်တိုင်း အလုံမြို့နယ် တဖက်ကမ်းမှာနေ တဲ့ ပြည်သူတွေနဲ့ကျောင်းသူ/ကျောင်းသားတွေ အသုံးပြုနေတဲ့ ကူးတို့ဆိပ်ကမ်းကို တပ်မတော်ပိုင် MEC ကုမ္ပဏီက ပိတ်လိုက်တဲ့အတွက် သွားလာရေး အခက်တွေ့နေတာ ၅ ရက်ရှိပြီဖြစ်ပါတယ်။
2014-11-20
၇ ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးကို နေပြည်တော် Lake view hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကို အာဆီယံ ၁ဝ နိုင်ငံက ရွှေ့ပြောင်းအလုပ် သမားဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁ဝဝ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။