သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-10
ဒီနှစ်ပွင့်လင်းရာသီရဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကချင်ပြည်နယ်က လုံးခင်း-ဖားကန့်နဲ့ မော်လူး-မော်ဟန် ရတနာနယ်မြေ တွေမှာ ကုမ္ပဏီတွေက စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။
2017-11-09
ရခိုင်အရေးမှာ တရုတ်နိုင်ငံက မြန်မာဘက်က ဖေးဖေးမမရှိရတဲ့ အကြောင်းရင်းနဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး ဆက်စပ်နေပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ စတာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-09
ရခိုင်ပြည်နယ်အတွင်း NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ ၃ လအတွင်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
2017-11-09
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ အရပ်သားတွေပါတဲ့ ကုန်တင်စက်လှေကို AA ရခိုင့်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့နဲ့ အရပ်သားတစ်ဦး သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2017-11-08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည်လက်ခံဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပြီး မြန်မာအစိုးရ ဘက်ကလည်း ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေပါတယ်။
2017-11-08
ပြည်ထောင်စုအစိုးရက တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်ပေါင်းစုံကို ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားထားပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အသိပေးတဲ့အဆင့်ကနေ တဆင့်ပြီးတဆင့် ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မေးမြန်းထားပါတယ်။
2017-11-08
ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တယ်ဆိုပြီး အမှုပိတ်လိုက်တဲ့ မြန်မာနိုင်ငံသား အိမ်အကူ အမျိုးသမီး အလုပ်လုပ်ကိုင်ခဲ့တဲ့ နေအိမ်ကို မြန်မာသံရုံးကိုယ်စားလှယ်တွေ၊ ထိုင်းနိုင်ငံ အမျိုးသားမှုခင်းတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ CSD နဲ့ AAC မဟာမိတ်အဖွဲ့ဝင်တွေ မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-11-07
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး ကို အသက်အန္တရာယ်ပေးမယ်ဆိုပြီး ခြိမ်းခြောက် တဲ့ လောင်းကစားသမားတစ်စုကို အမှုဖွင့်ထား ပါတယ်။
2017-11-07
အလုပ်သမား ၁၀ ယောက်နဲ့အထက် လုပ်ငန်းတွေကိုသာ အနည်းဆုံးအခကြေးငွေသတ်မှတ်ဖို့နဲ့ သတ္တုတွင်း အလုပ်သမားတွေအတွက် တနေ့လုပ်အားခ ၈ ထောင်နဲ့ ၁ သောင်းကြားမှာ ဖြစ်သင့်တဲ့အကြောင်း ဆွေးနွေး ခဲ့တယ်လို့ နမ္မတူဘော်တွင်းအလုပ်သမားအဖွဲ့က ကိုမြင့်ဦးက ပြောပါတယ်။
2017-11-07
လာမယ့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ကို အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူ ၂၀ ခန့်လာရောက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေဆွေးနွေးဖို့ အစိုးရက အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
2017-11-07
တစ်နေ့အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ထားတာကို တိုးပေးဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တို့ ဒီရက်ပိုင်း မှာ ဆွေးနွေးနေကြပါတယ်။
2017-11-06
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်ခြားမှတ်တိုင် ၄၅ နဲ့ ၄၆ အကြားမှာ မနေ့ညနေက မြန်မာရဲတပ်သား ၄ ယောက်ကို တဘက်ဘင်္ဂလားဒေ့ရှ်နယ်ထဲကနေ လှမ်းပြီးပစ်ခတ်ခဲ့ပါတယ်။
2017-11-06
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတချို့ ပါဝင်ဆောင်ရွက်နေတာရှိပါတယ်။
2017-11-06
ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကို KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
2017-11-06
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းက ကျေး ရွာတွေမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပတ်သက်ဆက်စပ်မှုတွေရှိနေတယ် ဆိုပြီး ဒေသခံတွေကို အစိုးရတပ်မတော်ဘက် က ခေါ်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးထိန်းသိမ်း တာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။