ပြစ်ဒဏ်ကျ မြန်မာတွေကို အစိုးရ ပြန်လည်လက်ခံရေး
2017.11.08
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံခဲ့ရသူ ၃၀ နီးပါးကို ပြန်လည်လက်ခံဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပြီး မြန်မာအစိုးရဘက်ကလည်း ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။