စစ်ဆေးမေးမြန်းခံရတဲ့ နမ့်ခမ်းမြို့နယ်က ဒေသခံတွေရဲ့ အခက်အခဲ
2017.11.06
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပတ်သက်ဆက်စပ်မှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေကို အစိုးရတပ်မတော်ဘက်က ခေါ်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းရေးမူဝါဒနဲ့ အစိုးရတပ်မတော်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကြား အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ နမ့်ခမ်းမြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးမြင့်ကျော် က ပြောပါတယ်။
ဦးမြင့်ကျော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။