0:00 / 0:00
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတချို့ ပါဝင်ဆောင်ရွက်နေတာရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ မောင်တော-ကျောက်ပန္ဒူ ကားလမ်းဘေး ကိုင်းကြီး(မြို) ကျေးရွာသစ်နေရာမှာ စာသင်ကျောင်းဆောင်သစ်နဲ့ ဆရာ/ဆရာမတွေ အတွက် ဝန်ထမ်းဆောင်တွေကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ရခိုင်ပြည်နယ် ခရီးစဉ်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါသွားတဲ့ တနသာၤရီတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။