သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-03
ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို အမြန်ဆုံးကယ်ထုတ်ခွင့် ရဖို့အတွက် ဆန္ဒပြတောင်းဆိုနေသူတွေဟာ ဒီကနေ့ညနေပိုင်းမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
2018-05-03
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး လောင်ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးကို မနေ့က အပြီးသတ်မီးငြှိမ်းသတ်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုဟာ ၁၂ ရက်ကြာခဲ့တဲ့အတွက် ရန်ကုန်တိုင်းမှာ အကြာဆုံးလောင်ကျွမ်းတဲ့ မီးလောင်မှုလည်းဖြစ်ပါတယ်။
2018-05-03
ဒီကနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းစာလိုက်ရင် ကမ္ဘာ့အဆင့်မှာ ကျဆင်းသွားခဲ့ရပါတယ်။
2018-05-03
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသဘက် ထွက်ပြေးလာသူတွေထဲက တစ်ထောင်ကျော်ကို တန်ဖရဲ ကောင်းကင်ဘုံသခင်မ ကက်သလစ် ဘုရားကျောင်းမှာ နေရာချထားပေးပါတယ်။
2018-05-02
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2018-05-02
ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် တရားလိုဘက်က လျှောက်လဲချက်ကို ပယ်ချလိုက်တဲ့ တရားရုံးရဲ့ဒီကနေ့ဆုံးဖြတ်ချက်ကို မြန်မာရှေ့နေတွေ၊ ရိုက်တာစ်သတင်းဌာနဘက်ကရှေ့နေတွေ၊ နိုင်ငံတကာရှေ့နေတွေနဲ့ ဒီကနေ့တရားခွင်ကို လာရောက်နားထောင်သူတွေအားလုံးက အသိအမှတ်ပြုလေးစားကြပြီး တရားစီရင်ရေးစနစ်အတွက် အလင်းတန်းတခုအဖြစ် သုံးသပ်တယ်လို့ သတင်းထောက်နှစ်ယောက်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
2018-05-02
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမုန်းစကားပြန့်ပွားမှုတွေရှိနေတဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သင့်မြတ်စွာနေထိုင်နိုင်ရေးအပေါ် သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
2018-05-02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မနေ့ညက နေပြည်တော်မှာ အရပ်ဖက်အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်အရေးကိစ္စကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2018-05-01
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းတွေနဲ့ တေ့ွဆုံခဲ့ပါတယ်။
2018-05-01
မြစ်ဆုံကျေးရွာအုပ်စု ဂွေထောင်ကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် ၈ဝဝ ခန့်ကို မနေ့ညက မြစ်ကြီးနားမြို့ပေါ်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး တခြားနေရာတွေမှာ ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။
2018-05-01
ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ မနက်ပိုင်းက လူဦးရေ ၅ ထောင်ဝန်းကျင်လောက်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-04-30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် "ပိတ်မိ ပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဦးဆောင်ပြီး မနက်ဖြန်မှာ ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်သလို နှစ်ပတ်ကြာ သပိတ်စခန်းဖွင့်သွားမှာ ဖြစ်ပါတယ်။
2018-04-30
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသက တန်ဖရဲရွာမှာရောက်နေတဲ့ အင်ဂျန်းယန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မနေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ သလို ဗျူဟာမှူးက လာရောက်တွေ့ဆုံခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2018-04-28
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ဒီနေ့အထိ ထွက်ပြေးလာကြသူ ၁၅ဝဝ ကျော် ရှိနေပြီဖြစ်ပါတယ်။
2018-04-28
ကချင်ပြည်နယ်ထဲမှာ တပ်မတော်က KIA ကိုထိုးစစ်ဆင်နေတဲ့အတွက် စစ်ပွဲတွေဆက်ပြီး ဖြစ်နေလိမ့်ဦးမယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။