SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံဆွေးနွေး
2018.05.02
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအဆင်ပြေတဲ့အတွက် လက်မှတ်ရေးထိုးနိုင်ဖို့ အလားအလာကောင်းတယ်လို့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။
ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။