ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက ဒေါ်နန်ပူ နဲ့ မေးမြန်းချက်


2018.05.01

ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ မနက်ပိုင်းက လူဦးရေ ၅ ထောင်ဝန်းကျင်လောက်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ကချင်လူငယ်တွေက သပိတ်စခန်းဖွင့်လှစ်တာကို ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်နဲ့ ခွင့်မပြုကြောင်း စာထုတ်ပြန်ပြီး တားမြစ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းနေတဲ့ ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီ က ဒေါ်နန်ပူ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။