သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-25
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဦးဟန်ထူး အပါအဝင်ခြောက်ဦးကို တိုင်းတရား လွှတ်တော်မှာ ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-09-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ် တရားရုံးက မနေ့က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လွှတ် ပေးခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ရဲက ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2018-09-25
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဇင်က သူတို့အသင်းဟာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားများအရေးကို အဓိကထား ဆောင်ရွက်နေတဲ့ လူမှုရေးအသင်းဖြစ်ပြီး ညီညွတ်၊ ငြိမ်းချမ်း၊ တိုးတက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နေကြောင်း ပြောပါတယ်။
2018-09-24
“ဘဝအလင်း” အမည်နဲ့ ပရဟိတ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်အရာရှိတဦးက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲလိုက်ပါတယ်။
2018-09-22
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က အကူအညီပေးမယ့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို မြေပုံ၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်တွေမှာ အဓိက ဦးစားပေး အကောင်အထည်ဖော်ဖို့ စစ်တွေမြို့ခံတွေက အကြံပြုခဲ့ကြပါတယ်။
2018-09-21
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် လော့စ်အန်ဂျလစ်ခရိုင် Culver City မြို့မှာ ရိုဟင်ဂျာအရေး ညီလာခံတစ်ခု စက်တင်ဘာ ၂၂ ရက်နေ့ ဒီကနေ့ ကျင်းပမှာဖြစ်ပါတယ်။
2018-09-21
ရှမ်းပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ တင်းကြပ်တားဆီးပိတ်ပင် အရေးယူပေးနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ မနေ့က အတည်ပြုလိုက် ပါတယ်။
2018-09-21
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက မိုင်းသောက်ကျေးရွာအနီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သားဖြစ်သူ၊ Myanmar Naing Group ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်ရွှေ လုပ်ပိုင်ခွင့်ရထားတဲ့ မြေဧက ၉ဝ ကို ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
2018-09-21
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကနေ အဓမ္မ မောင်းထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ဆုံးဖြတ်တာကို ကြိုဆိုကြောင်းအပါအဝင် အချက်လေးချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ပြည်ပရောက် ကချင်လူမျိုးတွေက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2018-09-21
စစ်ကိုင်းတိုင်း လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ ၂ဝ၁၄ ခုနှစ်က ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့အမှုကို သမ္မတဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်အရ ပြန်လည်စစ်ဆေးနေပါတယ်။ မနေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဒေသခံ ၁ဝ ယောက်ကို မြို့နယ်ရဲမှူးက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2018-09-20
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ မနေ့ညနေပိုင်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးကို သွားရောက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
2018-09-20
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ တိုင်းဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ ၁၉ ဦးအဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်း၊ ဝူဟန်နဲ့ ဘေဂျင်းမြို့တွေကို ငါးရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။
2018-09-20
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်လိုင်ဇာမြို့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ တွေ့ဆုံခဲ့ကြပါတယ်။
2018-09-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်တဲ့ စာတွေကို ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) နဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနေ့က ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2018-09-19
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က စာမျက်နှာ လေးရာကျော်ရှိတဲ့ အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။