NLD ခေါင်းဆောင်တွေရဲ့ တရုတ်ပြည်လေ့လာရေးခရီးအကြောင်း


2018.09.20

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ တိုင်းဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ ၁၉ ဦးအဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်း၊ ဝူဟန်နဲ့ ဘေဂျင်းမြို့တွေကို ငါးရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ အခွန်လွတ်ဈေးကွက်နဲ့ ဆည်တွေကို လေ့လာခဲ့သလို၊ ပါတီတည်ဆောက်ပုံချင်းလည်း အပြန်အလှန် ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။