မြန်မာလူထုရဲ့ဆန္ဒအမှန် တရုတ်အစိုးရ နားလည်ခြင်းမရှိဟု ဒေါက်တာမီမီဝင်းဘတ် ပြောကြား
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.05.12
2023.05.12
တရုတ်ထိပ်တန်းအရာရှိတွေရဲ့ လတ်တလောခရီးစဉ်တွေမှာ မြန်မာအာဏာရှင်ဟောင်းတွေနဲ့တွေ့ဆုံခဲ့မှုဟာ တရုတ်အစိုးရအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် အားရကျေနပ်ခြင်းမရှိတော့ဘူးဆိုတာကို ပြသနေတယ်လို့ ဒေါက်တာမီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ စစ်ကောင်စီကို လက်မခံနိုင်ကြောင်း အတိအလင်းထုတ်ဖော်ပြသနေတဲ့ မြန်မာပြည်သူတွေကို ဥပက္ခာပြုနေကြောင်းနဲ့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာ ဒီမိုကရေစီအင်အားစုတွေက အသာရနေပြီဖြစ်ကြောင်းလည်း သူကပြောပါတယ်။
RFA ဌာနချုပ်ကို မေလ ၁၁ ရက်နေ့က လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးဖြစ်သူ လက်ရှိ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။