ဒေါ်ခင်ဝင်းအမှု သမ္မတရဲ့ညွှန်ကြားချက်နဲ့ ပြန်လည်စစ်ဆေး
2018.09.21
စစ်ကိုင်းတိုင်း လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ ၂ဝ၁၄ ခုနှစ်က ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့အမှုကို သမ္မတဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်အရ ပြန်လည်စစ်ဆေးနေပါတယ်။ မနေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ ဒေသခံ ၁ဝ ယောက်ကို မြို့နယ်ရဲမှူးက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာပါဝင်တဲ့ လက်ပံတောင်းဒေသခံ ဒေါ်စန်းနွဲ့ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။