ဘဝအလင်းဆရာတော်နဲ့ ဆက်သွယ်မေးမြန်းချက်


2018.09.24

“ဘဝအလင်း” အမည်နဲ့ ပရဟိတ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်အရာရှိတဦးက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဆရာတော်သီတင်းသုံးတဲ့ အမရပူရ မဟာဂန္ဓာရုံကျောင်းကို ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက သွားရောက်ရှာဖွေပေမယ့် မတွေ့ဘဲ ပြန်ထွက်သွားကြပြီးနောက်၊ လက်ရှိမှာ ဆရာတော်က တခြားကျောင်းမှာ တိမ်းရှောင်နေရတယ်လို့ မိန့်ပါတယ်။ ဆရာတော်ဦးသောဘိတဟာ တပ်မတော်နဲ့ပတ်သက်လို့ ဝေဖန်စာတွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးပြီးတင်နေတဲ့အတွက် တရားစွဲခံရတာလို့ ဆိုပါတယ်။

ဆရာတော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။