တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် နဲ့ တွေ့ဆုံ မေးမြန်းချက်


2018.09.25

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ် တရားရုံးက မနေ့က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ရဲက ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သူတို့တွေကို ရုံးချိန်တွင်းမဟုတ်တဲ့ ည ၇ နာရီအချိန်ခန့်မှာ စစ်တွေမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပြီး စစ်တွေမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။