သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-16
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မှတ်တိုင်ချောင်းဆိုတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်ကူညီပေးနေတဲ့ ဝိုင်းမော် KBC အဖွဲ့ကို ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက နောက်ထပ်ပြီး မသွားဖို့ တားမြစ်လိုက်ပါတယ်။
2018-06-16
ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့ NCA လက်မှတ်ထိုးပြီး လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးဟာ နီးစပ်မှုမရှိသေးဘဲ အစိုးရနဲ့ ဆက်လက်ညှိနှိုင်းရမယ့်အချက်တွေ ရှိနေသေးတယ်လို့ KNPP ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
2018-06-15
မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်အတော်များများ မှာ ရေလွှမ်းမိုးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာမှာ မကွေးတိုင်းဟာ အဆိုးဝါးဆုံးလို့ ရေဘေးကူညီနေ တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ မကွေးတိုင်း ပွင့်ဖြူတစ်မြို့နယ်ထဲမှာတင် သေဆုံးသူ ၂ ယောက်ရှိပြီး ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းပေးခဲ့ ရတဲ့ အိမ်ပေါင်း ၆၆ လုံးရှိခဲ့ပြီးဖြစ်တယ်လို့ ရေဘေး ဒုက္ခသည်တွေကိုကူညီနေတဲ့ ပွင့်ဖြူဖွံ့ဖြိုးရေး ကွန်ရက်က ကိုကျော်ဆန်းဟန်က ပြောပါတယ်။
2018-06-15
ငြိမ်းချမ်းရေးရဖို့အတွက် လက်နက်ကိုင်အဖွဲ့တွေက အဓိကဖြစ်ပေမယ့် ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
2018-06-14
ရာသီဥတုအခြေအနေကြောင့် မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနိုင်တဲ့အတွက် လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ နိုင်ငံရေးပါတီတချို့က ဒီနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြဆွေးနွေး ခဲ့ပါတယ်။
2018-06-14
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာ ပြီးခဲတဲ့ ဇွန်လ ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်ရပ်ကွက်တွေမှာ မြေပြိုပြီး နေအိမ်တွေပျက်စီးမှု ရှိနေပါတယ်။
2018-06-14
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ကသည်းကျေးရွာအုပ်စုမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် တောင်ကမ်းပါးကုန်းစောင်းမှာ နေထိုင်သူ ၅ ဦး ဒီနေ့ မနက်အစောပိုင်းက သေဆုံးခဲ့ရပါတယ်။
2018-06-14
ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
2018-06-14
ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူနေလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသား တံဆိပ် နဲ့ ရင်ထိုးတံဆိပ်တို့ကို သိသာထင်ရှားကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို ဒီနေ့ တိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
2018-06-14
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့တဝိုက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြသူတွေထဲက ဆေးသုံးစွဲသူနဲ့ လက်လီရောင်းချသူတွေသာ အများဆုံး အဖမ်းခံနေရပြီး အကြီးစား ရောင်းဝယ်နေကြသူတွေကိုတော့ ဖမ်းမမိတာများတယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2018-06-14
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်စီးနေတဲ့ စက်လှေတစ်စီးနဲ့အတူ တေ့ွရှိရတဲ့ မွတ်စလင် ၁၀၄ ဦး ကို မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စိစစ်နေပါတယ်။
2018-06-13
ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေ ကို ဖြေလျော့ပေးတဲ့ကာလဟာ ဒီလကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လာမယ့် ဇူလိုင်လဆန်းကစပြီး ထိုင်းနိုင်ငံက ဥပအဒေအတိုင်း အရေးယူတာတွေ စတင်တော့မှာဖြစ်ပါတယ်။
2018-06-13
အခြေအနေ အစီရင်ခံစာ မိတ်ဆက်ပွဲကို လွတ်လပ်စွာထုတ်ဖော်ခွင့်လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ “အသံ” အဖွဲ့က ဇွန်လ ၁၀ ရက် နေ့က ထုတ်ဝေခဲ့ရာမှာ ဒီ ၂ နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေဟာ အနုတ်လက္ခဏာဆောင်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။
2018-06-13
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျောက်မိုင်းလုပ်ငန်းတွေကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရပ်ဆိုင်း မိန့်ထုတ်ပြန်ပေမဲ့ ဧက ၁၀၀ ရှိတဲ့ ကျောက်မိုင်းတမိုင်းပဲ လုပ်ငန်း ရပ်ဆိုင်းထားပါတယ်။
2018-06-13
ပြီးခဲ့တဲ့နှစ်ထက် တက္ကသိုလ်ဝင်တန်းစာမေး ပွဲအောင်ချက် ကျဆင်းခဲ့တဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကို အကြောင်းအရင်း စိစစ်ပြီး ပြန်လည်တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။