မွန်ပြည်နယ်မှာ ကျောက်မိုင်းခွဲမှုတွေရှိနေဆဲ
2018.06.13
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျောက်မိုင်းလုပ်ငန်းတွေကို ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရပ်ဆိုင်း မိန့်ထုတ်ပြန်ပေမဲ့ ဧက ၁၀၀ ရှိတဲ့ ကျောက်မိုင်းတမိုင်းပဲ လုပ်ငန်း ရပ်ဆိုင်းထားပါတယ်။ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာနဲ့ အထွေထွေ ကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီက ကျောက်မိုင်းတွေကို မနေ့က သွားစစ်ဆေးပြီး ရွာကထွက်လာချိန်မှာတောင် မိုင်းခွဲသံကြားရတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို မော်လမြိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ဦးနေမင်းကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ် မေးမြန်းထားပါတယ်။