၁၀ တန်းအောင်ချက် ကျဆင်းရတဲ့အကြောင်း စိစစ်ဖို့ သမ္မတရုံးညွှန်ကြား
2018.06.13
ပြီးခဲ့တဲ့နှစ်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် ကျဆင်းခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အကြောင်းအရင်းစိစစ်ပြီး ပြန်လည်တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါတယ်။
၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ချင်းပြည်နယ်ဟာ အောင်ချက်အနည်း ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အောင်ချက်ထက်လည်း ကျဆင်းခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ကျဆင်းခဲ့တဲ့ အခြေအနေအပေါ် ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။