စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အမှတ်တံဆိပ် ပြင်ဆင်ပေးဖို့အကြောင်း မေးမြန်းချက်


2018.06.14

ပါတီတစ်ခုရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူနေလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အလံ၊ အမှတ်အသားတံဆိပ်နဲ့ ရင်ထိုးတံဆိပ် တို့ကို သိသာထင်ရှားကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ပြောင်းလဲပြင်ဆင်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို ဒီနေ့ တိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်ပါတယ်။  အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ဒီနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။