သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-21
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်း ထားတဲ့ ဦးရွှေမောင်ကို ရွေးကောက်ပွဲဥပဒေပါ ပြ ဌာန်းချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ကန့်ကွက် သူတွေ ရှိနေပါတယ်။
2015-08-21
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကို မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိစွန်းလို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်ပါတယ်။
2015-08-20
ပြီးခဲ့တဲ့ဇူလိုင်လ ကုန်လောက်ကစပြီး ချင်းပြည်နယ် မှာ မိုးကြီးပြီး မြေပြိုမှုတွေကြောင့် တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပါတယ်။
2015-08-20
ဘူးသီးတောင်မြို့နယ်မှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို အစိုးရက စိစစ်နေရာမှာ ပယ်ဖျက်ပြီးသားဖြစ်တဲ့ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအတိုင်း ဆောင်ရွက်နေတယ်ဆိုပြီး ဘူးသီးတောင်မြို့ခံ ရခိုင်တိုင်းရင်းသားတွေက နိုင်ငံတော်သမ္မတ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီတို့ထံ ဒီနေ့ ကန့်ကွက်စာတင်လိုက်ပါတယ်။
2015-08-19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်း ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို NLD အနေနဲ့ လက်မခံကြောင်း ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောလိုက်ပါတယ်။
2015-08-19
လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းနိုင်ဖို့ လာမယ့် သြဂုတ် လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆွေးနွေး အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြန်လည်စတင်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
2015-08-16
ချင်းပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ဟားခါးမြို့ကို ရောက်ရှိ သတင်းယူ နေတဲ့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ကိုလည်း မဇာဏီထွဏ်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
2015-08-16
ချင်းပြည်နယ်မှာ မိုးကြီးခဲ့လို့ မြေပက်ကြားအက်တာတွေ၊ မြေပြိုတာတွေဖြစ်ပွား ခဲ့ပါတယ်။ ဟားခါးမြို့မှာဆိုရင် နေအိမ် ငါးရာကျော် ပြိုကျပျက်စီးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရက ပြောဆိုခဲ့ပါတယ်။
2015-08-16
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားစာကို ရရှိထားပြီးဖြစ်ပေမယ့် တိုင်းရင်းသားတွေရဲ့ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လက်မှတ်ရေးထိုး၊ မထိုး မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။
2015-08-16
လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်ဆိုင်တဲ့ ချယ်ရီ FM ရေဒီယို အသံလွှင့်ဌာနကို ခေတ္တရပ်ဆိုင်းဖို့ မိမိသဘောဆန္ဒ အလျှောက် စာတင်ခိုင်းထားတယ်လို့ သိရပါတယ်။
2015-08-16
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ နိုင်ငံတော် သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
2015-08-13
အခုလနောက်ဆုံးပတ်မှာ တွေ့ဆုံနိုင်လိမ့်မယ် လို့မျှော်လင့်ရတဲ့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင် များ အထူးအဖွဲ့တို့ရဲ့တွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေ ဘက်က တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေးကို အားလုံးပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးကို အဓိကထားဆွေးနွေးမယ်လို့ ပြောဆို ပါတယ်။
2015-08-13
ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2015-08-13
ချင်းပြည်နယ် ဟားခါးမြို့က ရပ်ကွက် ၄ ခုလောက် မှာ မြေတွေအက်ကွဲနေတာကြောင့် အဲဒီ ရပ်ကွက်တွေကို ပြောင်းရွှေ့နိုင်ဖို့အတွက် သတ္တု တွင်းဝန်ကြီးဌာနက ဘူမိဗေဒပညာရှင်တွေဟာ ဒီနေ့ ဟားခါးမြို့ မှာ မြေနေရာအနေအထားကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
2015-08-13
သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး အဲဒီစီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ဖွဲ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။