သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေကြီးတာတွေဖြစ်လာနိုင်


2015.08.13

သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး အဲဒီစီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ဖွဲ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။

စီမံကိန်း ၆ ခုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုရာမှာ ပါဝင်တဲ့ ကရင်ပြည်နယ် မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ကိုစောသာဘိုးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။