ကိုယ်စားလှယ်လောင်း ပယ်ချခံရတဲ့ ဒေါက်တာဝင်းမြင့်နဲ့ မေးမြန်းချက်
2015.08.21
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကို မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိစွန်းလို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်ပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတဲ့ ဒေါက်တာဝင်းမြင့်က မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်မယ်လို့ ပြောပါတယ်။
ဒေါက်တာဝင်းမြင့်ကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။