ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် နဲ့ မေးမြန်းချက်
2015.08.21
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ဦးရွှေမောင်ကို ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ကန့်ကွက်သူတွေ ရှိနေပါတယ်။
အဲ့ဒီလိုကန့်ကွက်သူတွေရှိနေတာကြောင့် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က စိစစ်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးရွှေမောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။