သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-21
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး လူသတ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောမြို့နယ်နဲ့ ခရိုင်တရားရုံး တရားရှင်လွှတ်ပေးလိုက်ပါတယ်။
2018-06-21
၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးမှာ မြေပြိုမှုနဲ့ မြစ်ကမ်းပါးပြိုကျမှု အကြိမ် ၅၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
2018-06-21
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တုတွေထားရှိဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ပြီး စီစဉ်နေတဲ့အပေါ် တိုင်းရင်းသားဒေသတွေမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
2018-06-21
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်းနဲ့ ဒီဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုသင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကပြောပါတယ်။
2018-06-20
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်လဲချက် တင်ထားတာကို မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
2018-06-20
လယ်ယာမြေနဲ့ အခြားမြေများ သိမ်ဆည်းခံရမှုတွေကို စိစစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လမ်းညွှန်ချက် ၄ချက် ချမှတ်ပေးလိုက်ပါတယ်။
2018-06-19
မွန်ပြည်နယ် မော်လမြိုင်စက်မှုဇုန်မှာ စမ်းသပ် လည်ပတ်နေတဲ့ ခနောက်စိမ်း သန့်စင်စက်ရုံနှစ်ရုံက အနံ့ဆိုးတွေထွက်တဲ့အကြောင်း ဒေသခံတွေက အကြိမ်ကြိမ်တင်ပြလို့ လေထု တိုင်းတာရေးစက်နဲ့ သက်ဆိုင်ရာက တိုင်းတာတဲ့အခါ လေထု ညစ်ညမ်းနေတာတွေ့ရပေမယ့် ခုထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ မရှိသေးပါဘူး။
2018-06-19
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ်တွင်းက အကျဉ်းထောင်တွေ ရဲစခန်းအချုပ်ခန်းတွေနဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ ကချင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။
2018-06-19
ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမှာကို ကန့်ကွက်လိုက်ပြီး တည်ဆောက်နေ မှုကို ချက်ချင်းရပ်တန့်ပေးဖို့ ကယားပြည်နယ် လူမှုအဖွဲ့ ၇ ဖွဲ့က ပြည်နယ်အစိုးရဆီကို ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2018-06-19
မကွေးတိုင်းဒေသကြီးအစိုးရရဲ့ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စာရင်းတွေကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇော်မင်းက လွှတ်တော်ထံ တင်ပြတာနောက်ကျတာကြောင့် စိစစ်ချိန် မရလိုက်ဘဲ အတည်ပြုလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။
2018-06-18
မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ နှစ်စဉ် ရန်ကုန်တိုင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။
2018-06-18
သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံတွေကို အထူးဥပဒေပြဋ္ဌာန်းပြီး သေဒဏ်အပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။
2018-06-18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ခရစ္စတင်းဘာဂီးနာဟာ ရခိုင်ပြည်နယ် မြေပုံနဲ့ စစ်တွေက ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-06-16
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မှတ်တိုင် ၆ နဲ့ ၈ မှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင် နီးပါးကို သွားရောက်ကူညီမယ့် အဖွဲ့အစည်းတွေကို မသွားကြဖို့နဲ့ အကူအညီသွားပေးရင် မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငြိစွန်း မှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာ နဲ့ လုံခြုံရေးဝန်ကြီးက သတိပေးစာထုတ်ပြန်တာဟာ မဖြစ်သင့်ကြောင်း ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2018-06-16
လက်ရှိ ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ အမည်၊ အလံနဲ့ အမှတ်တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့နဲ့ အဲဒီ ညွှန်ကြားချက်ကို ပြောင်းလဲပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမယ့် မပြင်ဆင်ပေးနိုင်ဘူးဆိုတဲ့ ရလဒ်ပဲရခဲ့တယ်လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ခေါင်းဆောင်တွေက ပြောပါတယ်။