ဦးအောင်ဇော်ဝင်းကို တရားရှင်လွှတ်တဲ့အကြောင်း ရှေ့နေနဲ့ မေးမြန်းချက်

0:00 / 0:00

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး လူသတ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောမြို့နယ်နဲ့ ခရိုင်တရားရုံး တရားရှင်လွှတ်ပေးလိုက်ပါတယ်။

ဦးအောင်ဇော်ဝင်းအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးသင်္ခါကျော် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။