ကုလအထူးကိုယ်စားလှယ် ဒုက္ခသည်စခန်းတွေကို သွားရောက်
2018.06.18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ခရစ္စတင်းဘာဂီးနာဟာ ရခိုင်ပြည်နယ် မြေပုံ နဲ့ စစ်တွေက ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို အဓိကထား လေ့လာဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။
ခရစ္စတင်းဘာဂီးနာရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။