0:00 / 0:00
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ဖို့ အမိန့်ချမှတ်ထားတဲ့အပေါ် ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်လဲချက်တင်ထားတာကို မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း တရားလွှတ်တော်က ချမှတ်လိုက်တဲ့ အမိန့်ဟာ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေမှာ ပြောင်းလဲမှု သိပ်မရှိဘဲ ဇေယျာဖြိုးကို စွဲဆိုထားတဲ့ ပုဒ်မမှာတော့ ပြောင်းလဲမှုရှိတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့က ချမှတ်လိုက်တဲ့ အမိန့်နဲ့ ပတ်သက်ပြီးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အသတ်ခံရတဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ကိုကျော်ဇောဝင်း က ဆက်သွယ် မေးမြန်းထားပါတယ်။