သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-16
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုတင်ပြထားတဲ့ အချက်ပေါင်း တစ်ရာကျော်ရှိရာမှာ တကယ်အကျိုးရှိ မယ့် အချက်တွေကိုပဲ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ မြေပြင်ကွင်းဆင်း လုပ်ဆောင်ဖို့ စတင်မယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-09-16
လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်တဲ့စာရွက်တွေ ဖြန့်ဝေခဲ့တဲ့ အင်းစိန်မြို့နယ် ကမ်းနား အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို ခရိုင်အဆင့်က စစ်ဆေးနေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
2017-09-16
အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တာဝန်ကျနေတဲ့ ပညာရေး ဝန်ထမ်းတွေအနေနဲ့ တာဝန်ကျတဲ့နေရာတွေကို ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး က ထုတ်ပြန်ခဲ့ပါတယ်။
2017-09-15
ရခိုင်ပြည်နယ် မောင်တောဒေသကနေ နေရပ် စွန့်ခွာခဲ့ကြသူတွေအနေနဲ့ လုံခြုံရေးစိတ်ချရပြီမို့ ပြန်လည်နေထိုင်နိုင်ပြီလို့ ဒီရက်ပိုင်းအတွင်း မောင်တောမြို့ကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောပါတယ်။
2017-09-13
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2017-09-13
ရခိုင်ပြည်နယ်၊ မောင်တောဒေသလုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက အခြေခံပညာကျောင်းတွေ၊ ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအားလုံး လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။
2017-09-13
ဘာသာရေးအစွန်းရောက် သံဃာတော်တွေကြောင့် ဗုဒ္ဓဘာသာကို ကမ္ဘာက အကြည်ညိုပျက်စေနိုင် တဲ့ ဖြစ်ရပ်တွေကို လက်မခံဆန့်ကျင်ကြောင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ မစုစုနွေးက ပြောပါတယ်
2017-09-13
လောလောဆယ် မောင်တောတစ်မြို့ထဲမှာတင် ခိုလှုံနေရတဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူ ၁ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ အကြမ်းဖက်သမားတွေက ဆက်လက်တိုက်ခိုက်မယ့်အလားအလာတွေ ရှိနေသေးတာကြောင့် သူတို့တတွေ ကိုယ့်အိမ်ကိုယ့်ယာ ပြန်နေခွင့်ရဖို့ဆိုတာ အလှမ်းဝေးနေတယ်လို့ မောင်တောမြို့ခံ မြို့မိမြို့ဖလည်းဖြစ်၊ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်ကျော်ညွန့်ကပြောပါတယ်။
2017-09-13
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ပါဝင်တဲ့ဟောပြောပွဲ စီစဉ်သူတွေကို လောလောဆယ် တရားစွဲဆိုဖို့ အစီအစဉ်မရှိသေးဘူးလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
2017-09-13
ရခိုင်ပြည်နယ်အတွင်း UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ရေးတွေလုပ်ဆောင်မယ် ဆိုရင် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချုပ်စာတမ်းတွေသာမက သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက် အပြည့်အစုံပါမှသာ လက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
2017-09-12
မောင်တောမြို့နယ်က တချို့ရွာတွေမှာ လူမရှိတော့ဘဲ၊ တချို့ရွာတွေမှာ လူအနည်းအကျဉ်းပဲ ကျန်တော့တယ်လို့ သိရပါတယ်။
2017-09-12
လူအုပ်ဖွဲ့ ရမ်းကားဖျက်ဆီးမှု မနေ့ညကဖြစ်ပွားခဲ့တဲ့ တောင်တွင်းကြီးမြို့မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ပေမဲ့ ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။
2017-09-12
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ မတည်ငြိမ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို တောင်တွင်းကြီးမြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေသလို တခြားပါဝင်သူတွေ ဦးဆောင် သူတွေ ပေါ်ပေါက်အောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2017-09-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ ပစ်ခတ် မှုတွေမရှိတာ တစ်ပတ်နီးပါးရှိပြီဖြစ်သလို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဆာ ARSA အဖွဲ့က တစ်လကြာ တဖက်သတ် အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် စိတ်ချယုံကြည်တဲ့ အနေအထား မရှိဘူးလို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။
2017-09-10
ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆရာတော် ဦးဝီရသူရဲ့ ဟောပြောပွဲကို ဘားအံမြို့နယ် စီမံခန့်ခွဲမှုကော်မတီက ခွင့်မပြုထားဘူးလို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။ ဘာကြောင့်ခွင့်မပြုထားသလဲဆိုတာကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က ဦးမျိုးမင်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။