ဘားအံ ဦးဝီရသူ ဟောပြောပွဲ စီစဉ်သူတွေကို တရားစွဲဖို့ အစီအစဉ်မရှိသေး
2017.09.13
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ပါဝင်တဲ့ဟောပြောပွဲ စီစဉ်သူတွေကို လောလောဆယ် တရားစွဲဆိုဖို့ အစီအစဉ်မရှိသေးဘူးလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
အဲဒီဟောပြောပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုတွေဆုံးဖြတ်ထားလဲဆိုတာကို ဝန်ကြီး ဦးမင်းတင်ဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။