ရခိုင် အကြံပြုချက် အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်း
2017.09.13
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။