မောင်တောအခြေအနေ ကြိမ်ချောင်းရွာက ဆရာမ ဒေါ်သန်းသန်းဌေးကို မေးမြန်းချက်
2017.09.13
ရခိုင်ပြည်နယ်၊ မောင်တောဒေသလုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက အခြေခံပညာကျောင်းတွေ၊ ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအားလုံး လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ အဲဒီဒေသတွေက ဝန်ထမ်းတွေဟာ တခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး သွားလာရေး အခက်အခဲတွေရှိနေသလို လုံခြုံရေး အတွက်လည်း စိတ်မချဖြစ်နေတယ်လို့ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဌေး က ပြောပါတယ်။
ဆရာမ ဒေါ်သန်းသန်းဌေးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။