သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-26
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေတဲ့ မျိုးဆက်သစ်တွေရဲ့ လှုပ်ရှားမှုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ချီးကျူးလိုက်ပါတယ်။ မြန်မာသံတမန်တွေထဲမှာ ပြည်သူ့ဆန္ဒအတိုင်း ပထမဆုံးရပ်တည်လိုက်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြည်သူတွေ စည်းလုံးညီညွတ်ဖို့ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။
2021-02-26
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒ္ဒပြတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုး အကြမ်းဖက် နှိမ်နှင်းတာတွေ ရှိနေပေမယ့် အဆုံးမှာတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကပဲ အနိုင်ရလိမ့်မယ်လို့ ယုံကြည်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Mr Tom Andrew က ပြောလိုက်ပါတယ်။
2021-02-26
ဆန္ဒပြပြည်သူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ဖမ်းဖို့ပြောပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
2021-02-26
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးခင်မောင်ဇော်ထံ ကိုယ်စားလှယ်လွှဲစာ မရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။
2021-02-25
တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်ခေါင်းဆောင်လေးဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံထားရသူ လေးဦးအပြင် ဆန္ဒပြ ရာမှာ ပါဝင်လို့ အမှုဖွင့်ခံထားရသူတွေလည်း ရှိနေပါတယ်။
2021-02-24
ညမထွက်အရအမိန့် ဖောက်ဖျက်သူတွေနဲ့ ညဘက်သံပုံးတီး ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်မယ်ဆိုပြီး ညကင်းတာဝန်မှူးတစ်ဦးက Facebook မှာ Live လွှင့်ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု ဖေဖော်ဝါရီ ၂၂ ရက်ညက ပျံ့နှံ့ခဲ့ပါတယ်။
2021-02-24
ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ သေဆုံးသွားပါတယ်။
2021-02-23
နေပြည်တော် ပျဉ်းမနားမှာ မနေ့က ပြုလုပ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး နှစ်ငါးလုံး အထိမ်းအမှတ် လူထုလှုပ်ရှားမူ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့သူ ၂၀၀ ကျော်ထဲမှာ ၁၉၀ ကျော်ဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။
2021-02-23
နှစ်ပတ်ကျော်ကြာမြင့်လာတဲ့ လှည်းတန်းစုရပ် ဆန္ဒပြပွဲ အခြေအနေအပါ် ပြောပြချက်
2021-02-23
ဆန္ဒပြသူတွေ စုရပ်ဖြစ်တဲ့ ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ သောက်ရေ၊ အချိုရည်၊ ထမင်း နေ့စဉ် လိုက်လံဝေငှပေးနေတဲ့ ကိုအောင်မြတ်က ဆန္ဒပြပွဲတွေ ရက်ရှည်လာမယ်ဆိုရင်လည်း အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ဆန္ဒပြသူတွေကို အစားအသောက်တွေ ဆက်လက်ထောက်ပံ့နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
2021-02-22
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဦးထင်လင်းအောင်ကို ခန့်အပ်လိုက်တယ်လို့ ကော်မတီက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်ညမှာ ကြေညာလိုက်ပါတယ်။
2021-02-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ NLD နာယက ဦးဝင်းထိန်တို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ လိုက်ခွင့်ပါဝါရယူရေးမှာ အခက်အခဲတွေ အများကြီး ရှိနေပြီး ကာယကံရှင်တွေနဲ့ ခုချိန်ထိ တွေ့ဆုံခွင့် မရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
2021-02-19
စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတဦးက သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကို RFA ကိုပြောပြထားတာ ဖြစ်ပါတယ်။
2021-02-19
စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုပွဲမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့ ကျည်ဆံထိမှန် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ဒီနေ့မနက်ပိုင်းမှာ သေဆုံးခဲ့ပြီး အခုလ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။
2021-02-18
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၇၈ - ၇၉ လမ်းကြားနဲ့ ၃၄ - ၃၅ လမ်းကြား၊ မီးရထားဝန်ထမ်းတိုက်တန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့ရာမှာ တရုတ်စစ်သားတွေ ပါဝင်နေတယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။