Generation Z မျိုးဆက်ခေါင်းဆောင် Hudson နဲ့ ဆက်သွယ်မေးမြန်းချက်
နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.02.24
2021.02.24
ညမထွက်အရအမိန့် ဖောက်ဖျက်သူတွေနဲ့ ညဘက်သံပုံးတီး ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်မယ်ဆိုပြီး ညကင်းတာဝန်မှူးတစ်ဦးက Facebook မှာ Live လွှင့်ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု ဖေဖော်ဝါရီ ၂၂ ရက်ညက ပျံ့နှံ့ခဲ့ပါတယ်။
ဒီဗွီဒီယိုအပေါ် စစ်အာဏာရှင်ပြုတ်ကျရေးမှာ ရှေ့တန်းကနေ အဓိကပါဝင်လှုပ်ရှားနေတဲ့ Generation Z မျိုးဆက်တွေရဲ့ အမြင် ဘယ်လိုရှိပါသလဲ… ဥပဒေဘောင်ထဲကနေ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို ခြိမ်းခြောက်ထားတဲ့ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ဖို့ရှိမလဲဆိုတာတွေကို သိနိုင်ဖို့ Generation Z မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Hudson ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ် မေးမြန်းထားပါတယ်။