မန္တလေးမီးရထားဝင်း စီးနင်းမှု ရဲတပ်ဖွဲ့ပြောကြားချက်
2021.02.18
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၇၈ - ၇၉ လမ်းကြားနဲ့ ၃၄ - ၃၅ လမ်းကြား၊ မီးရထားဝန်ထမ်းတိုက်တန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့ရာမှာ တရုတ်စစ်သားတွေ ပါဝင်နေတယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး သုံးခဲ့သလို ကျည်ဆံအစစ်တွေ သုံးခဲ့တယ်လို့လည်း ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုနေကြပါတယ်။ ဒီဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးကို RFA သတင်းထောက် စောဖိုးခွားက ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ် ၃ နာရီကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။