သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်း တိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီ ရွေးကောက်ပွဲအောင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ပါတယ်။
2015-09-27
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ ဒီမိုကရက်ပါတီ (မြန်မာ) က ပါတီလက်ကမ်းစာစောင်တွေကို ဝေငှပြီး ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-27
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်ကနေ ၃ဝ ရက်အထိ ၃ ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။
2015-09-27
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ကျေးရွာတွေမှာ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။
2015-09-26
ကချင်ပြည်နယ်မှာ အခုလအလယ်လောက်က စတင်ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ KIA အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မန်စီမြို့နယ်အတွင်းမှာ ပိုမိုပြင်း ထန်လာနေပြီး မနေ့ကဆိုရင် အစိုးရတပ်တွေက မန်စီမြို့ထဲက ကုန်းမြင့်တွေကနေ KIA တပ်စခန်း ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2015-09-25
ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၉ဝ ကျော်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲပေးနိုင် သူတွေအနေနဲ့ မဲစာရင်းမှာ မိမိတို့နာမည်ပါအောင် သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ လျှောက်ထားနိုင် တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က ပြောပါတယ်။
2015-09-25
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ခဲသတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းကန်ပြိုကျတဲ့အတွက် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးပြီး အိမ်ခြေ ၈ဝ ကျော် ပျက်စီးသွားပါတယ်။
2015-09-23
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဒီနေ့ သာယာ ဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်စစ်ဆေး တာ မရှိဘဲ ရုံးချိန်းပဲ သတ်မှတ်ပေးလိုက်ပါတယ်။
2015-09-23
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ယှဉ်ပြိုင်မယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ က ကိုသူရိန်ရွှေဟာ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
2015-09-21
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်နေတဲ့အတွက် ဆရာဝန်တွေက အနက်ရောင်ဖဲကြိုးတွေ တပ်ဆင် ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က တိပိဋကတ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-09-19
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကို သွားရောက်ပြီး သတင်းယူနေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်း ကို ဦးခင်မောင် စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-09-18
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံးနီးပါကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေ စီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
2015-09-18
ရှမ်းပြည်နယ် အရှေ့ပိုင်းက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတဲ့ မိုင်းလားမြို့နယ်မှာ လုံခြုံရေးအခြေအနေကြောင့် မဲစာရင်းကို ကောက်ယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် အဲ့ဒီဒေသတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနေပါတယ်။
2015-09-17
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ဘဝတွေ ပြောင်းလဲချိန်တန်နေပြီဖြစ်တဲ့အတွက် အဲ့ဒီလိုပြောင်းလဲမှုတွေကို အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့အဖွဲ့ချုပ်ကို မဲပေးရန်လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2015-09-17
အရပ်ဘက်ဝန်ကြီးဌာနတွေမှာ စစ်တပ်က အငြိမ်းစား အရာရှိတွေကို အလုပ်ခန့်အပ်နေတဲ့အပေါ် ကန့်ကွက်တဲ့ အရောင်မျိူးစုံ လှုပ်ရှားမှုတွေကို အပြည့်အဝထောက်ခံတယ်လို့ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောပါတယ်။