မိုင်းလားမှာ လုံခြုံရေး အခြေအနေကြောင့် မဲစာရင်း မကောက်ယူနိုင်သေး


2015.09.18

ရှမ်းပြည်နယ် အရှေ့ပိုင်းက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတဲ့ မိုင်းလားမြို့နယ်မှာ လုံခြုံရေးအခြေအနေကြောင့် မဲစာရင်းကို ကောက်ယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် အဲ့ဒီဒေသတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနေပါတယ်။

မိုင်းလားမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။