ကျောင်းသားတွေအမှု ပယ်ဖျက်ပေးရေး တိုင်းတရား လွှတ်တော်ရုံးထံ တောင်းဆိုမည်


2015.09.23

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဒီနေ့ သာယာဝတီမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးတာ မရှိဘဲ ရုံးချိန်းပဲ သတ်မှတ်ပေးလိုက်ပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့ အတွက် ကျောင်းသားတွေက ရှေ့နေကနေတဆင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံ တင်ပြတောင်းဆိုသွားမယ်လို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ရှေ့နေ ဦးလှမျိုးမြင့်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။